Windows 10/11 မှာ COM surrogate မှ CPU, Memory, Disk ကို အများကြီး ယူသုံးနေခြင်းအား ဖြေရှင်းခြင်း

COM surrogate က windows မှာ တခြား software တွေ ကောင်းကောင်း run နိုင်ဖို့အတွက် ကြားကနေ ကြားခံပေးတဲ့ process တခု ဖြစ်ပါတယ်။ သူ့ကို dllhost.exe လို့လည်း သိကြပါတယ်။ တခါတလေ Windows explorer ကို ဖွင့်တဲ့အခါ windows thumbnail တွေ ပေါ်လာဖို့ com surrogate ကနေ လုပ်ဆောင်ပေးပါတယ်။ Windows process တွေ မဟုတ်တဲ့ third party app တွေ run တဲ့ အခါမှာလည်း အဲကောင်တွေ ကောင်းကောင်း ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်အောင်လို့လည်း ကူညီ လုပ်ဆောင်ပေးရပါတယ်။

COM surrogate က Memory ကို အများကြီး သုံးတာ ဖြစ်နိုင်ချေ (၃) မျိုး ရှိပါတယ်။

(၁) third party app မှာ error ရှိနေလို့။

ပုံမှန်အားဖြင့် COM surrogate ကို ယူသုံးတာက third party app တွေပဲ ဖြစ်ပါတယ်။ ၎င်း app တွေက install လုပ်ထားတာ အဆင်မပြေဖြစ်တာ ရှိနေရင်၊​ သို့မဟုတ် သူတို့ရဲ့ ဖိုင်တွေ corrupted ဖြစ်နေရင် COM surrogate က usage တွေ မြင့်တက်ပြီး CPU/RAM ကို အများကြီး ယူသုံးတာ ဖြစ်လာနိုင်ပါတယ်။

တကယ်လို့ Windows စစတက်လာပြီး background process တွေ load လုပ်တာ အကုန်ပြီးတဲ့ ခဏ စောင့်ကြည့်ပါ။​ တခြား ဘာ app ကို မှ မ run ဘဲ စောင့်ကြည့်ပါ။ COM surrogate သုံးတ မြင့်လာရင်တော့ corrupted windows files တွေကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ် app ကနေ COM surrogate (dllhost.exe) ကို ယူသုံးနေလည်း သိချင်ရင်

https://learn.microsoft.com/en-us/sysinternals/downloads/process-explorer

အဲကနေ Process Explorer (Sysinternals live) ကို ဒေါင်းပြီး ကြည့်လို့ ရပါတယ်။

Process ကို ကြည့်နည်းကို အဲလင့်မှာ ပြထားပါတယ်။ အဲကနေ မလိုအပ်တဲ့ process တွေကို kill လုပ်လို့လည်း ရပါတယ်။ dllhost.exe ကို ယူသုံးထားတဲ့ app တွေကိုလည်း ရှာပြီး uninstall လုပ်လို့ ရပါတယ်။

ဖြေရှင်းနည်း။ error ဖြစ်နေတဲ့ app ကို uninstall လုပ်ပြီးတော့ official website ကနေ ပြန်ဒေါင်းပြီး သုံးကြည့်ပါ။ တရားမဝင်ဆိုက်ကနေ app ကို ဒေါင်းသုံးတာက အဲလို ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

(၂) Corrupted Windows Files

ဒုတိယ ဖြစ်နိုင်ချေကတော့ ခုနက ပြောထားသလိုမျိုး ဘာ app မှလည်း မrun ထားဘဲနဲ့ COM Surrogate usage မြင့်နေတယ် ဆိုရင်တော့ Corrupted windows files တွေကြောင့်ပါ။

ဖြေရှင်းနည်း။ CMD ကို Admin right နဲ့ ဖွင့်ပြီး sfc /scannow လို့ run ပါ

System file checker ကနေ စစ်ဆေးပြီး corrupted system file တွေရှိနေရင် တခါတည်း ပြင်ပေး သွာမှာပါ။

(လုပ်ပုံအသေးစိတ်ကို သပ်သပ် ထပ်ရေးပါ့မယ်ဗျ)

(၃) Malware များ ရှိနေခြင်း

တခါတလေ malware တွေ ဝင်လာတဲ့အခါမှာ အဲဒီ malware ကနေ com surrogate ပုံစံ အစားထိုးပြီး backdoor လိုမျိုး၊ trojan လိုမျိုး အလုပ်လုပ်နေတတ်ပါတယ်။ ဒါတွေကြောင့် တကယ့် com surrogate အစား အလုပ်အများကြီး လုပ်နေရခြင်း ဖြစ်ပါတယ်။

ဖြေရှင်းနည်း။ Anti-virus ကောင်းကောင်းတခုကို install လုပ်ပြီး virus ကို သတ်ပြီး com surrogate အတုကို ဖယ်ရှားနိုင်ပါတယ်။

နောက်ဆုံး ဖြေရှင်းနည်း။

တကယ်လို့ အထက်ပါနည်းတွေနဲ့ မဖြေရှင်းနိုင်ပါက Windows ကို Clean install  လုပ်ပြီး ပြန်တင် နိုင်ပါတယ်။ နောက်ဆုံး လက်နက် ထုတ်သုံးခြင်းဘဲ ဖြစ်ပါတယ်။ အဲလို လုပ်ဖို့က တကယ်တော့ အချိန်တော်တော် ပေးရမှာမို့လို့ပါ။ back up ပြန်လုပ်မယ်။ သုံးနေကျ  software တွေ list ပြန်လုပ်ရမယ်။ install လုပ်ပြီးတော့ သုံးနေကျ ပုံစံ ဖြစ်အောင် configuration တွေ အကုန်လိုက်ချိန်ရမယ်။ အဲအဆင့် မရောက်ဘဲ ဖြေရှင်းနိုင်ပါစေဗျာ . . .

ချစ်ခင်စွာဖြင့်

Victor Chan

Sharing is caring!!!

(26.12.2022)



Leave a Reply

Discover more from Notes of Vic

Subscribe now to keep reading and get access to the full archive.

Continue reading