Windows (11) တင်ပြီးနောက်ပိုင်းမှာ တချို့ features တွေက windows (10) နဲ့ တော်တော်လေး ကွာခြားသွားပါတယ်။ တချို့အပြောင်းအလဲတွေက user တွေအတွက် ပိုအဆင်ပြေတယ် အသုံးတည့်လာတယ် ဆိုပေမဲ့ တချို့အချက်တွေကတော့ အဆင်မပြေဘူး ဖြစ်သွားတာတွေ ရှိပါတယ်။ အဆင်မပြေဘဲ ဖြစ်သွားတဲ့ တခုကတော့ right click context menu ရဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။

ပုံမှန် အနေအထားမှာဆိုရင် file တခုခုပေါ် ဖြစ်ဖြစ် desktop screen မှာ ဖြစ်ဖြစ် right click နှိပ်လိုက်ရင် အချက်အလက် နည်းနည်းကိုသာ ဖော်ပြထားပြီး အကုန် မြင်ချင်ရင် Show more options (Shift + F10) တွဲနှိပ်ရပါတယ်။
မြင်ရမဲ့ ပုံကို အပေါ်မှာ ပြထားပါတယ်။
တကယ်လို့ မိမိက context menu ကို ခဏ ခဏ သုံးရတယ်။ သုံးနေကျတခုကို ရွေးချယ်ဖို့ရန်အတွက် Show more options ကိုပဲ ခဏခဏ ရွေးနေရတယ်ဆိုရင် အဆင်မပြေ ဖြစ်လာပါပြီ။ ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် windows (10) မှာ ပါတဲ့ right click context menu ကို ပြန်ပြောင်းလို့ ရပါတယ်။
လုပ်နည်းကို တဆင့်ချင်း ပြောပြသွားပါ့မယ်။
(Windows 11 build 22572 ကနေစပြီးတော့ shift key ကို ဖိထားပြီး right click နှိပ်ရင်တော့ Show more option ကို ထပ်ရွေးစရာ မလိုပဲ တခါတည်း ဖွင့်ပေးပါတယ်။)
တကယ်လို့ shift key တောင် မနှိချင်တော့ဘူး။ တခါတည်း အပြီး ပြောင်းချင်တယ် ဆိုရင်တော့ အောက်ပါ နည်းအတိုင်း ဆက်လုပ်ကြည့်ပါဗျ။
“Show more option” context menu ကို ပိတ်ရန်အတွက် အောက်က ဖိုင်ကို ဒေါင်းပါ . . .
၁။ ပေးထားတဲ့ ဖိုင်ကို ဒေါင်းလုပ် ဆွဲပါ။
၂။ ရလာတဲ့ .reg ဖိုင်ကို တနေရာမှာ သိမ်းပါ။ (disable context menu.reg) လို့ သိမ်းထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ နာမည် ကြည့်တာနဲ့ ဘာဖိုင်ဆိုတာ တန်းသိနေအောင်ပါ။
၃။ registry code ကို ပြင်ဖို့ရန်အတွက် Download လုပ်လိုက်တဲ့ ဖိုင်ကို double click နဲ့ ဖွင့်ပါ။
၄။ မေးလာတဲ့အခါမှာ Run, Yes (UAC), Yes, OK ကို နှိပ်သွားပြီး approve လုပ်ပါ။
၅။ ပြောင်းထားတာကို အကျိုးသက်ရောက်မှု ရှိဖို့ explorer.exe ကို restart လုပ်တာ ဖြစ်ဖြစ်၊ sign out/ sign in လုပ်တာ ဖြစ်ဖြစ်၊ restart ချတာ ဖြစ်ဖြစ် လုပ်ဖို့ လိုပါလိမ့်မယ်။
တကယ်လို့ right-click context menu မှာ Show more option ကို ပြန်လိုချင်တယ်။ အရင်အတိုင်း ပြန်ထားချင်တယ် ဆိုရင်တော့ အောက်က reg ဖိုင်ကို ဒေါင်းပါ။
အပေါ်ကအဆင့် ၁။ ၂။ ၃။ ၄။ ၅။ အတိုင်းအဆင့် ဆင့် ပြန်လုပ်သွားရုံပါပဲ။
Reg file ကို ဖွင့်ပြီးတိုင်းမှာ အကျိုးသက်ရောက်မှု ရှိတာ သေချာအောင် အဆင့် (၅) ကို လုပ်ဖို့ မမေ့ပါနဲ့။
Show more option ကို disabled/ Enabled လုပ်တာကို command prompt ကနေ လုပ်တာရယ်, registry မှာ ကိုယ်တိုင် ဝင်ပြင်တာရယ် လုပ်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ်။ registry ကို ပြင်တာက အခန့်မသင့်ရင် ဝင်းဒိုး တက်မလာတော့ပဲ အစကနေ ပြန်တင်ရတာမျိုး ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် down ထားတဲ့ ဖိုင်ကနေ တန်းပြင်တာက မြန်လည်း မြန်သလို၊ အန္တရာယ်လည်း ကင်းပါတယ်။ ဒေါင်းထားတဲ့ reg file မှာ ဗိုင်းရပ်ကနေ တခုခု ဝင်ပြင်ထားတာ မခံရဖို့ဘဲ သတိထားရပါမယ်။
နောက်ဆုံးအနေနဲ့ သတိပေးချင်တာ တခုကတော့ အကောင်းဆုံး လုပ်ထုံးကတော့ registry ကို မပြင်ခင် အမြဲတမ်း Backup လုပ်ထားဖို့ပါဘဲ။
Registry ကို Backup လုပ်နည်း ထပ်တင်ပေးပါ့မယ်။
ချစ်ခြင်းများစွာဖြင့်
ကိုဗစ်
Sharing is caring.


Leave a Reply