Tutorials
-
Windows System File ကို ပြင်ဆင် စစ်ဆေးခြင်း – အပိုင်း (၁)

မိမိသုံးနေတဲ့ Windows က Blue Screen error တက်လို့ပဲ ဖြစ်ဖြစ်၊ ပုံမှန်အတိုင်း အလုပ်မလုပ်ဘဲ အရမ်းနှေးနေတာပဲ ဖြစ်ဖြစ် အဲလို ပြဿနာတွေ ရှိနေတဲ့အခါမှာ Windows ကို အစကနေ ပြန်ပြီး install လုပ်စရာမလိုဘဲ ဒီပြဿနာတွေကို အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်။ အဲလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် windows မှာ ကြိုတင်ပြီး install လုပ်ထားတဲ့ tools တွေ ရှိပါတယ်။ Settings app ထဲမှာ ရှိတယ် troubleshooter တွေ အပြင် Deployment Image Servicing and Management (DISM) tool ရယ်၊ System file checker (SFC) ဆိုတာရယ်၊… Continue reading
-
Mac တွင် မြန်မာကီးဘုတ် ထည့်သွင်းခြင်း နှင့် မြန်မာလို စာရိုက်ခြင်း

Mac တွေမှာ မြန်မာလို စာရိုက်ဖို့အတွက် Myanmar Keyboard က default အနေနဲ့ on ထားခြင်း မရှိပါဘူး။ Keyboard setting ကနေ သွားပြီး မြန်မာ ကီးဘုတ်ကို ထပ်ပြီး ထည့်ပေးရပါတယ်။ ပထမဆုံး မြန်မာကီးဘုတ် ထည့်ဖို့အတွက် system setting ကနေ Keyboard ကိုသွားပါမယ်။ ၁။ Mac ရဲ့ အပေါ်ဆုံး ဘယ်ဘက်ထောင့်က apple logo ကို နှိပ်ပါ။ ပေါ်လာတဲ့ အထဲက System setting ကို ရွေးပါ။ ၂။ System Setting ပွင့်လာတဲ့အခါ အောက်ဘက် ရောက်တဲ့အထိ ဆွဲချပြီး Keyboard ကို နှိပ်ပါ။ Text Input… Continue reading
-
Adobe App တချို့တွင် မြန်မာ ယူနီကုတ်ကို မှန်အောင်ရေးခြင်း

Mac တွေရဲ့ Adobe App တချို့ မှာ မြန်မာလိုရေးရင် အောက်က ပုံမှာ ပြထားသလိုမျိုး အမှန်မပေါ်ပါဘူး ကျွန်တော် Adobe InDesign, Adobe Copy, နဲ့ Adobe Illustrator တွေမှာ စမ်းကြည့်ခဲ့ပါတယ်။ အဲလိုဖြစ်နေတာတွေကို ပြင်ဖို့အတွက် Paragraph Style မှာ မြန်မာစာမှန်အောင် သီးသန့် ထပ်ပြင်ရပါတယ်။ လုပ်နည်းအဆင့်ဆင့်ကို ဆက်လက် ပြောပြပါ့မယ်ဗျ။ Adobe InDesign နဲ့ Adobe InCopy မှာမြန်မာယူနီကုတ် မှန်အောင် လုပ်နည်း ပထမဆုံးအနေနဲ့ Paragraph Style အသစ်တခုကို သတ်မှတ်ကြရအောင်။ Adobe InDesign မှာ Type ကနေ Paragraph Styles (Command F11) ကို… Continue reading
-
Used Mac (Second Mac) တလုံးဝယ်မယ်ဆို ဘာတွေ စစ်ဆေးရမလဲ

Mac တလုံးကို သုံးဖို့ရန်အတွက် ကျွန်တော်တို့ Mac အသစ်စက်စက်တလုံးကို မဖြစ်မနေ ဝယ်သုံးရမယ်လို့ ဆိုလိုတာမျိုးတော့ မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် မသုံးတော့ဘဲ ပြန်လည် ရောင်းချနေတဲ့ used Mac (second Mac) ဈေးကွက်မှာ ရှာဖွေပြီးတော့ သော်လည်းကောင်း Mac user အချင်းချင်း ဆက်သွယ် ဝယ်ယူပြီးတော့ သော်လည်းကောင်း Used mac တွေကို အသုံးပြုလို့ ရပါတယ်။ တခု သတိထားရမှာက Used Mac ဖြစ်တဲ့ အတွက်ကြောင့် အများစုက Warranty မရှိတော့ပါဘူး။ တခုခု ဖြစ်သွားခဲ့ရင် ပြန်လဲဖို့ မလွယ်ကူတော့သလို ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ညစ်ရဲ့မဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီဆောင်းပါးကနေ Used Mac တလုံးကို ဝယ်မယ်ဆိုရင် ဝယ်ပြီးနောက်မှ… Continue reading
မြန်မာပြည်သူအချင်းချင်း အချက်အလက်တွေ ဖလှယ်ဖို့၊ ကျွန်တော် သိသလောက်လေး ဝေမျှဖို့၊ နည်းပညာပိုင်းဆိုင်ရာ ဝေမျှဖို့ ဖြစ်ပါတယ်။

